- နည်းပညာသည် စိတ်ကူး အတွေး ပုံရိပ် တို့ကို လက်တွေ့ ဖြစ်ရပ်တွေထိ နီးစပ်လာအောင် ဆောင်ယူပေးလျက်ရှိပါသည်။
- အကောင်းဆုံး သာဓက အနေ ဆိုရင် တော့ 3D Modelling သည် Architectural Design လောက ကို ဘယ်လောက်တောင် ပြောင်းလဲ စေခဲ့ သလဲ ဆိုတာပါပဲ။
- ၎င်းသည် သင်တို့ရဲ့ အတွေး ပုံရိပ်ထဲမှာ ရှိတယ့် Multi-Dimensional ပုံရိပ် တေကို ဆွဲထုတ်ပီး စာရွက်ပေါ်မှာ ရေးဆွဲ ခြင်း ပဲ ဖြစ်ပါတယ်။
- 3D modeling သည် Architectural Design တင်ပြမှု လုပ်ငန်း တေမှာ ပြောင်းလဲ မှု အရှိဆုံး ဆိုတာ အသေချာ ပါပဲ။
- 3D modeling ကြောင့် ဖြစ်ပေါ်လာတယ့် Architectural Design လုပ်ငန်း ရဲ့ အကျိုး ကျေးဇူး များကို လေ့လာကြည့်ရအောင်။
1. Realistic, Easy and Quick (လက်တွေ့ဆန်ခြင်း၊ လွယ်ကူခြင်း၊ မြန်ဆန်ခြင်း)
(i) 3D Modelling မှ Working Drawing 2D Sketch များ ဖြစ်တယ့် Horizontal, Vertical, and Diagonal Line Plans များ ကို ရယူနိုင် ပါတယ်။
(ii) ဒီဇိုင်းသည် ပိုမို၍ ထင်ရှားလာပြီး ဖောက်သည်များသည် သူတို့၏ ဆောက်လုပ်ရေး စီမံကိန်းများကို ရှေ့ဆက် နိုင်ကြသည်။
(iii) သင်သည်အစီအစဉ်သစ်တစ်ခုကိုလက်တွေ့အကောင်အထည်ဖော်နိုင်မနိုင်ကိုလျှင်မြန်စွာစစ်ဆေးနိုင်သည် သို့မဟုတ် ဘယ်လောက် သေးငယ်သည့် ဒီဇိုင်းပြောင်းလဲမှုကို မဆို စစ်ဆေးနိုင်သည်။
2. An Image speaks a thousand words (ပုံတစ်ပုံ သည် အဓိပ္ပါယ် ပေါင်း၁၀၀၀ ဖော်ဆောင်တတ်ခြင်း)
သင်သည် Architectural 3d model သည် 2d model ထက်မည်မျှ ပိုကောင်းသည်ကို သင် နားလည် လိုပါက အောက်ဖော်ပြ ပါ ဒီဇိုင်းများကိုနှိုင်းယှဉ်ကြည့်ပီး သိနိုင်ပါသည်။

Fig (2.1) 2D Architectural Drawing

Fig (2.2) 3D Architectural Drawing
3. Better for Marketing and Project Approvals
(i) 3D Model ကို လွယ်ကူ စွာ သုံးစွဲနိုင်ပီး နောက်ပိုင်း မှာ 2D Drawing ထပ် ပိုပီး Customer တေဘက် က ပိုပီး စိတ်ကျေနပ်မှု ရှိလာတာကို တွေ့ ရှိခဲ့ ရပါတယ်။
(ii) လက်တွေ့ဆန်တယ့် 3D Model တေကြောင့် (For Marketers) Winning Customer Rate တေပိုမို တိုးတက်လာကြောင်း။
(iii) 3D Model ကို အသုံးပြုခြင်း ကြောင့် Project Approval rate in Construction Business သည် ပိုမို မြန်ဆန်လာသည်တို့ကို တွေ့ ရှိရပါသည်။
4. Easy Re-Modelling and Corrections
(i) 3D Model မှာ ဆိုရင် အသေးစား (သို့) အကြီးစား ပြောင်းလဲမှု တေလုပ်တယ့် အခါမှာ Overall Design ရဲ့ Impacts တေ ကို လွယ်ကူစွာ မြင်နိုင်ပြီး Design အဆုံးသတ်ချိန်မှာ လည်း ငွေပိုကုန်စရာ မလိုဘဲ ဒီဇိုင်း ပြောင်းလဲမှုများ၊ ထပ်ပိုး ပြင်ဆင်မှုများကို လွယ်ကူ စွာ လုပ်ကိုင်နိုင်ပါပဲ ဖြစ်ပါတယ်။
(ii) Construction Process တေ မစတင်ခင်မှာ စိတ်ကြိုက် ဒီဇိုင်း တေကို လွယ်ကူ စွာ ဖန်တီး ခြင်း၊ ပြန်လည် ပြင်ဆင်ခြင်းများ ကို 3D Modelling ထဲမှာ အကုန်လုပ်နိုင် ပါသည်။
5. Impact on Project Execution (Project အဆုံးသတ်သက်ရောက်မှု များ)
တိကျတယ့် ဒီဇိုင်း ကြောင့် ဆောက်လုပ်ရေး အင်ဂျင်နီယာ လည်း Project ကို ကုန်ကျစရိတ် သက်သာစွာ နဲ့ သတ်မှတ်ထားတယ့် Plan အတိုင်း လွယ်ကူစွာ ပြီးဆုံးနိုင်မှာ ပဲ ဖြစ်ပါတယ်။
Sheryl Staub နှင့် Atul khanzode တို့ ရဲ့ လေ့လာတွေ့ ရှိချက်တေ အရ သိသိသာသာ အကျိုးရှိစေတယ့် သက်ရောက်မှု များ မှာ -
၁။ Site အတွင်း ဖြစ်နိုင်ချေ ရှိတယ့် ပြဿနာ များ ကို ကြိုတင်မြင်နိုင်ပြီး ဖယ်ရှားနိုင်ခြင်း။
၂။ ပြန်လုပ်ရသော အလုပ်များ လျော့နည်း သွားခြင်း။
၃။ လုပ်ဆောင်နိုင်မှု နှုန်း တိုးတက်လာခြင်း။
၄။ အချက်အလက် တောင်းဆိုမှုများ လျော့နည်းလာခြင်း။
၅။ ကုန်ကျစရိတ် လျော့ကျမှု တိုးတက်လာခြင်း။
၆။ ဆောက်လုပ်ရေး လုပ်ငန်း စဥ် အချိန်များ မြန်ဆန်ပီး မြန်မြန် လွှဲပြောင်း ပေးနိုင်ခြင်း။
6. Boon for Interior Desingers (အိမ်တွင်း အလှဆင် ဒီဇိုင်နာများ အတွက် ကောင်းကျိုးများ)
အိမ် အတွင်းခန်း(သို့) ဆိုင် အတွင်း ခန်း အလှဆင် သူများ အတွက် ပရိဘောဂများ၊ နံရံဆေး အလှဆင်မှုများ၊ မျက်နှာကျက် design အလှဆင်မှုများ တို့ရဲ့ Realistic Views များကို ထုတ်လိုက် နိုင်သော ကြောင့် Interior Designer တေ အနေနဲ့ Client တေ ကို Presentation လွယ်ကူစွာ ပြနိုင်သောကြောင့် 3D Modelling သည် Designer များကို ကောင်းစွာ အထောက်အကူ ပြုသော နည်းပညာ တစ်ခု ဖြစ်လာပါသည်။
7. Measurements (အတိုင်းအတာများ)
3D Model Designsများမှ တိကျရှင်းလင်းသော အတိုင်းအတာများ၊
ပစ္စည်း တစ်ခုနှင့် တစ်ခုတို့ ရဲ့ အကွာအဝေးတို့ကို ထုတ်ယူနိုင်သောကြောင့် Construction တစ်ခု လုံး ရဲ့ လိုအပ် တယ့် အချက်အလက် မှန်သမျှ ကို 3D Model မှ ရရှိနိုင်ပါတယ်။
8. Fewer instructions and no language barriers (ညွှန်ကြားချက်များ နှင့် ဘာသာ စကား ပြဿနာ များ နည်းပါးလာခြင်း)
- 3D designs များ ဟာ ဆိုရင် လူတိုင်း နားလည်နိုင်သောကြောင့် 2D Design ကဲ့သို့ ညွှန်းကြားချက်များ အများကြီး မလို ဘဲ ဘာသာ စကား ပြဿနာ များလည်း လျော့နည်းလာပါတယ်။
- အပြင်မှာ မဆောက်ရသေးတယ့် အဆောက်အဦး တစ်ခု ကို ဆောက်ပြီး သား ပုံရိပ်တိုင်း မြင်နိုင်သော ကြောင့် ဆောက်လုပ်ရေး လုပ်သားများ အတွက်လည်း ဆောက်လုပ်ရ လွယ်ကူ စေပြီး၊ client များ အတွက် လည်း မိမိ စိတ်တိုင်း မြင်ပီးပြင်ဆင်ပီး မှ ဆောက်သောကြောင့် စိတ်တိုင်းကျ ဖြစ်စေပါသည်။
Translated by WLK.
Plz be patient for some mistakes.